| Tuesday, September 07, 2010 | |||||
SWAN အသင်း ၏ ပညာရေး လုပ်ငန်းစဉ်အတွက် ရံပုံငွေအတွက် ရှမ်းပြည်နယ်မှ စက္ကူ အရုပ်ကလေးများ
္ပရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း၏ နောက်ခံ အကြောင်း အကျဉ်းချုပ် SWAN အသင်းသည် ထိုင်းနိုင်ငံတွင်းနှင့် ရှမ်းပြည်တွင်း လှုပ်ရှားဆောင်ရွက်နေသည့် ရှမ်းအမျိုးသမီးများ၏ ကွန်ရက်အဖွဲ့ ဖြစ်ပါသည်။ အသင်း၏ အဓိက ဦးတည်ချက်မှာ မြန်မာနိုင်ငံတွင်း နိုင်ငံရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်စေရေး လှုပ်ရှားမှုကြီး၌ မိမိတို့ ရပ်ရွာ အသိုင်းအ၀ိုင်းကို အခြေပြုသည့် အရေးယူ ဆောင်ရွက်ချက်များ သုတေသန လုပ်ငန်းများနှင့် စည်းရုံးလှုံ့ဆော်မှုများကို လှုပ်ရားဆောင်ရွက်ခြင်း အားဖြင့် ရှမ်းအမျိုးသမီးများ ကျား-မ တန်းတူ ညီမျှရေးနှင့် တရားမျှတမှုများ ခံစားရ ရှိ လာစေရန်ဖြစ်သည်။ မိမိအသင်းသည် မြန်မာနိုင်ငံမှ တိုင်းရင်းသူအမျိုးသမီးအဖွဲ့အစည်း (၁၂) ဖွဲ့ ပါဝင် ဖွဲ့စည်းထားသော အမျိးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကိုစတင် တည်ထောင်ခဲ့ကြသည့် အဖွဲ့များအနက်မှ တဖွဲ့ဖြစ်သည်။ မိမိတို့သည် အခြား ချိတ်ဆက် လှုပ်ရှားနေသော အမျိုးသမီးအဖွဲ့များနှင့် လက်တွဲ၍ မြန်မာနိုင်ငံဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး လှုပ်ရှားမှုကြီးတွင် အမျိုးသမီး၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်အတွက် ဆောင်ရွက်နေပါသည်။ မှတ်ချက်။ ။ |
|||||
Copyright
© Shan Women's Action Network (SWAN). All Rights Reserved. |