မေ့စွမ်းအား ရေဒီယိုအစီအစဉ်

Posted in Multimedia

logo dark၂ဝဝ၉ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှ စတင်၍  မေ့စွမ်းအား ရေဒီယိုအစီအစဉ်  ကို FM ၉၉ MHz တွင် ထုတ်လွင့်ခဲ့သည်။ အက်ဖ်အဲမ် ၉၉ မီဂါဟာဇ်မှ တပတ်လျှင် ၂ ကြိမ် နေ့လည် ၁ နာရီမှ ၃ နာရီအထိဗုဒ္ဓဟူးနေ့နှင့် ကြာသာပတေးနေ့တွင် ထုတ်လွှင့်ပေး နေပါသည်။

၄င်းအသံလှိုင်းကို ချိန်းမိုင်မြို့ပတ်ဝန်းကျင် ၃၅ ကီလိုမီတာ ပတ်လည်အတွင်း ဖမ်းယူနားဆင်နိုင်မည် ဖြစ်သည်။

အစီအစဉ်တွင် သတင်း၊ အဖွဲ့အစည်းနှင့် ပတ်သက်သောဆောင်ရွက်လှုပ်ရှားမှု များ၊ ပြည်တွင်းပြည်ပမှ နောက်ဆုံးသတင်းများ/ အသင်း၏လှုပ်ရှားမှုများ၊ အမျိုးသမီးနှင့် ကလေး ကျန်းမာရေးပညာပေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတများ အပြင်အမျိုးသမီးများနှင့် အခြေခံနိုင်ငံ ရေး စသည်တို့ ပါဝင်သည်။

ထို့အပြင် ဗုဒ္ဓဟူးနေ့တိုင်း အဖွဲ့အစည်းမှ အမျိုးသမီးကျန်းမာရေး ပညာပေးကိစ္စရပ် များအထူးသဖြင့် မျိုးဆက်ဆင့်ပွား ကျန်းမာရေးနှင့်ပတ်သက်သော အစီအစဉ်ကို လည်း ထုတ်လွှင့်ပေး လျှက်ရှိသည်။

ကြာသာပတေးနေ့တွင် အမျိုးသမီးများအတွက်အိမ်တွင်းအကြမ်းဖက်မှု၊ ကလေးများအပေါ် အနိုင်းကျင့်မှု၊ နှစ်သိမ့်ဆွေးနွေးခြင်းနှင့် ရွှေ့ပြောင်းကလေး များဆိုင်ရာ ထိုင်းနိုင်ငံ၏ မူဝါဒများ စသောအကြောင်းအရာများကိုလည်း ထုတ်လွှင့်ပေးလျှက်ရှိသည်။

အသံလွှင့်နေချိန်အတွင်း သောတရှင်များမှ ရေဒီယိုဌာနသို့ တိုက်ရိုက်ဖုန်းဆက်နိုင်ပြီး ပျှမ်းမျှအားဖြင့် တရက်လျှင် ၈-၁၃ ဦးအကြား ဆွေးနွေးတိုင်ပင် အကြံပြုလေ့ရှိသည်။

မိမိတို့၏အရေဒီယိုအစီအစဉ်အား အထူးသဖြင့် အမျိုးသမီးသောတရှင်များ အလွန်စိတ်ဝင်စားကြပြီး မျိုးဆက် ပွားကျန်းမာရေးကို ပိုမို လေ့လာ လိုကြသည်၊ မိသားစု စီမံကိန်း နှင့် နို့ချိုတိုက် ကျွေးခြင်းကိုလည်း ပိုမိုလေ့လာလိုကြသည်။ ၄င်းတို့၏စိုးရိမ်ပူပန်ချက်များ ကိုလည်း ဆွေးနွေးတိုင်ပင်လာကြသည်။

ရေဒီယိုပရိတ်ဿတ်မှ ရုပ်သံနှင့်အသံပိုင်းဆိုင်ရာ မီဒီယာထုတ်လုပ် မှုများ ပိုမိုထုတ်လုပ်ရန် တောင်းဆိုခဲ့သည်။

အဖွဲ့အစည်းကလည်း ပိုမိုကောင်းမွန်သည့် အစီအစဉ်များလုပ်ဆောင်နိုင်မည် ဟု ယုံကြည်လျှက်ရှိပြီး အချိန်ပြည့်ဝန်ထမ်းများက ရေဒီယိုအစီအစဉ်တွင် သာမက အမျိုးသမီးများမြှင့်တင်ရေး ရုပ်သံထုတ်လုပ်မှုများကိုလည်း တာဝန်ယူ လုပ်ဆောင်လျှက်ရှိသည်။