ပညာရေးလုပ်ငန်းစဉ်

education program

  • နေ့ကလေးထိန်းကျောင်း၊ အခြေခံပညာမူလတန်းကျောင်းနှင့် အလယ်တန်းကျောင်း စုစုပေါင်း ကျောင်း (၁၁) ကျောင်း ဖွင့်လှစ်သင်ကြားပေးခြင်း
  • ရှမ်းဘာသာ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ဖြန့်ဝေပေးခြင်း
  • အရည်အချင်းပြည့်ဝသော ဆရာ၊ ဆရာမများတိုးပွားလာရေးအတွက် စွမ်းရည်မြှင့်တင်ရေး သင်တန်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်ပေးခြင်း
  • အားကိုးရာမရှိသော မိဘမဲ့များ၊ နွမ်းပါး၍ ကျန်းမာရေးအခက်အခဲရှိသော မိဘများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေး ရှာဖွေပေးခြင်း
  • ထောက်ပံ့ကြေးရရှိထားသော ကျောင်းသူကျောင်းသားများအကြား နှစ်စဉ်တွေ့ဆုံဆွေးနွေး ပွဲများစီစဉ်ကျင်းပပေးခြင်း

အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းစဉ်

women empwerment

  • အမျိုးသမီးရေးဆိုင်ရာ သင်တန်းများပေးခြင်း
  • ခေါင်းဆောင်မှု သင်တန်း
  • လိင်ကွဲပြားမှု (Gender) သင်တန်း
  • မှတ်တမ်းတင်နှင့် သုတေသနပြုခြင်း သင်တန်း
  • အခြေခံ လူ့အခွင့်အရေး သင်တန်း
  • အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေးသင်တန်း
  • အလုပ်သင်အစီအစဉ်
  • ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဒေသအသီးသီးတွင် ‘အမျိုးသမီးနှီးနှောဖလှယ်ပွဲ’များ ပြုလုပ်၊ ထောက်ပံ့ပေးခြင်း
  • အမျိုးသမီးငယ်များအတွက် နိုင်ငံရေးစွမ်းရည်မြှင့်တင်ရေးသင်တန်းကျောင်း ဖွင့်လှစ်ပို့ချခြင်း
  • ရှမ်းစာတတ်မြောက်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း

သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်းစဉ်

  • ‘အမျိုးသမီးများစွမ်းရည် ’ ရေဒီယို အစီအစဉ်
  • ကျား-မ တန်းတူရေးနှင့် လိင်ကွဲပြားမှုဆိုင်ရာ ပညာပေးဇာတ်လမ်းတိုများ ရိုက်ကူးဖြန့် ဝေခြင်း
  • အသင်းလှုပ်ရှားမှု သတင်းစာစောင်များကို ရှမ်းဘာသာဖြင့် ထုတ်ဝေဖြန် ့ဖြူးခြင်း
  • လိင်ကွဲပြားမှု(Gender)၊ အမျိုးသမီးနှင့် လူ့အခွင့်အရေး၊ အမျိုးသမီးကျန်းမာရေးဆိုင်ရာ အသိပညာ ပေး လက်ကမ်းစာစောင်များ၊ ပိုစတာများကို ရှမ်းဘာသာနှင့် မြန်မာဘာသာဖြင့် ထုတ်ဝေဖြန့် ဖြူးခြင်း
  • အစီရင်ခံစာ ထုတ်ဝေခြင်း
  • ထိုင်းနိုင်ငံနှင့် ရှမ်းပြည်အတွင်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အပါအဝင်လူ့အခွင့်အရေး အခြေအနေများနှင့်ပတ်သက်သော သတင်းအချက်အလက်များကို စုဆောင်း၊ မှတ်တမ်းတင်သုတေသနပြု၍ အစီရင်ခံစာများကို ရှမ်း၊ မြန်မာ၊ ထိုင်းနှင့် အင်္ဂလိပ်ဘာသာများဖြင့် ထုတ်ဝေခြင်း

အမျိုးသမီးများ ကျန်းမာပျော်ရွင်လုပ်ငန်းစဉ်

ကျန်းမာရေး

  • အခြေခံကျန်းမာရေးဝန်ဆောင်မှုပေးသူများအား စွမ်းရည်မြှင့်တင်ရေးသင်တန်းများ စီစဉ် ပို့ချပေးခြင်း။
  • ကျေးလက်ကျန်းမာရေး ဆေးခန်းများအား ထောက်ပံ့ခြင်း
  • ကျန်းမာရေး ပညာပေးအစီအစဉ်
    - အခြေခံကျန်းမာရေး ဆိုင်ရာ ပညာပေး
    - အထွေထွေရောဂါများ ကာကွယ်နည်း
    - မျိုးဆက်ပွားကျန်းမာရေး
    - ခုခံအားကျဆင်းရောဂါ (HIV/AIDS)
    - နယ်လှည့်ကျန်းမာရေး ပညာပေးခြင်း
  • ကျန်းမာရေးဝန်ဆောင်မှု
    - အခြေခံကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်း
    - မိခင်နှင့်ကလေး စောင့်ရှောက်ရေး

အမျိုးသမီးနှင့်ကလေးများအား စောင့်ရှောက်ရေးလုပ်ငန်း

  • အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှု ကြုံတွေ့ခဲ့သူ အမျိုးသမီးများအား အရေးပေါ်နှင့် ကျန်းမာရေးအပါအဝင် လိုအပ်သောအကူအညီများပေးခြင်း
  • အကျပ်အတည်းတွေ့သည့် အမျိုးသမီးနှင့်ကလေးများအတွက် ကူညီပံ့ပိုးရေးဌာနများ ဖွင့်လှစ်ကူညီခြင်း
  • ဆိုးရွားသည့်အခြေအနေ တွေ့ကြုံရသူများအား အကူအညီရယူနိုင်သည့်နေရာများ၊ ကုသ နိုင်သောနေရာ များသို့ ပို့ဆောင်ပေးခြင်း၊ ကူညီပံ့ပိုးပေးခြင်း
  • စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပေးမှုများ၊ အားပေးမှုများ ကူညီပံ့ပိုးပေးခြင်း

အခြားလှုပ်ရှားမှုများ

  • မဟာမိတ်ကွန်ယက်အဆင့်ဆင့် တည်ဆောက်ခြင်း
  • အမျိုးသမီးရေးရာနှင့်ပတ်သက်သော အသိအမြင်ဖွင့်လှုပ်ရှားမှုများ
  • နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မိမိတို့လူထုအသိုင်းအဝိုင်းအတွင်း စည်းရုံးလှုံ့ဆော်ခြင်း