ပညာရေးလုပ်ငန်းစဉ်

Posted in Programs

education program

  • နေ့ကလေးထိန်းကျောင်း၊ အခြေခံပညာမူလတန်းကျောင်းနှင့် အလယ်တန်းကျောင်း စုစုပေါင်း ကျောင်း (၁၁) ကျောင်း ဖွင့်လှစ်သင်ကြားပေးခြင်း
  • ရှမ်းဘာသာ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ဖြန့်ဝေပေးခြင်း
  • အရည်အချင်းပြည့်ဝသော ဆရာ၊ ဆရာမများတိုးပွားလာရေးအတွက် စွမ်းရည်မြှင့်တင်ရေး သင်တန်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်ပေးခြင်း
  • အားကိုးရာမရှိသော မိဘမဲ့များ၊ နွမ်းပါး၍ ကျန်းမာရေးအခက်အခဲရှိသော မိဘများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေး ရှာဖွေပေးခြင်း
  • ထောက်ပံ့ကြေးရရှိထားသော ကျောင်းသူကျောင်းသားများအကြား နှစ်စဉ်တွေ့ဆုံဆွေးနွေး ပွဲများစီစဉ်ကျင်းပပေးခြင်း

ပြည်တွင်းစစ်နှင့်ဆက်လက်ဖြစ်ပွားနေသည့်လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်ထွက်ပြေးလာကြရသော ရှမ်းဒုက္ခသည်များကို ထိုင်းနိုင်ငံက "ဒုက္ခသည်" အဖြစ် အသိအမှတ် ပြုလက်ခံခြင်းမရှိပါ။ ထို့အတွက်ကြောင့်သူတို့သည် လုံခြုံသည့်ခိုလှုံရာမရှိ ဖြစ်နေရပြီး၊ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများမှ ထောက်ပံ့ ကူညီမှုများလည်း မရရှိကြပေ။ ဤအခြေအနေတွင် အထူးထိခိုက် နစ်နာကြရသည်မှာ ကလေးများ ဖြစ်ပါသည်။ ထိုကလေးများ၏ မိဘများသည်ရွှေ့ပြောင်း အခြေချ လုပ်သားများအဖြစ် အလုပ်ရှာဖွေဝမ်း ကျောင်းနေကြရပြီး၊ တခါတရံတရားမဝင် အလုပ်လုပ်ကိုင် နေကြရပါသည်။ ကလေး အများစုမှာ ကျောင်းလုံး၀ မတက်ရသည့်အခြေအနေ ဖြစ်နေရပါသည်။

၎င်းရှမ်းပြည်မှ ထွက်ပြေးလာသူများကို "ဒုက္ခသည်" အဖြစ် အသိအမှတ်ပြု မခံကြရ သည့် အတွက် သူတို့အဖို့ ဒုက္ခသည် စခန်းများ တည်ထောင်ရန်သော်လည်းကောင်း၊ သင့်လျော် သည့်ကျောင်းများ တည်ထောင်ရန်သော်လည်းကောင်း အခွင့်မရှိပါ။ မူအရ ထိုင်းနိုင်ငံတွင်း နေထိုင်ကြသည့် ကလေးများ အားလုံးသည် ကျောင်းနေခွင့်အခွင့်အရေး ရှိပါသည်။ သို့သော်လည်း တရားဝင် ကျောင်းအပ် ခွင့်ရရန်အတွက် အခက်အခဲ အမျိုးမျိုးရှိနေပါသည်။ မိဘများသည် လူအများမလုပ်လိုကြသည့် “သုံးဒီ” ဟု အင်္ဂလိပ်အမည်ပေးထား သော-လူအများ မလုပ်လိုကြသည့် ညစ်ပတ်၊ ခက်ခဲပင်ပန်း၍ အန္တရာယ်များသည့် အလုပ်မျိုးကို လုပ်ကိုင် သက်မွေးနေကြရပြီး၊ ဝင်ငွေလည်းအနည်းငယ်မျှသာ ရကြပါသည်။ ဤဝင်ငွေဖြင့်ကလေးကို ထိုင်းကျောင်း ပို့၍ ကျောင်းထားရန် မတတ်နိုင်ကြပါ။ အလုပ် အခြေတကျ မရှိ သောကြောင့်မိဘများမှာ အမြဲတစေ ပြောင်းရွှေ့နေရခြင်းများလည်း ရှိပါသည်။ တရားမဝင် နေထိုင်ကြရသောကြောင့် မိဘများမှာ လုပ်ငန်းခွင်တွင်း မှအပ၊ ပြင်ပသို့ ထွက်ခွာ၍ ကလေးကျောင်းအပ်ရန်လည်း ကြောက်ရွံ့စိုးရိမ်နေကြပါသည်။ အပြင်ထွက်လျှင်အဖမ်းခံ ရမည်ကို စိုးရွံ့နေကြပါသည်။ ကလေးများ ကျောင်းတက်နိုင်လျှင် သော်မှ ကျောင်းသွား လာလမ်းတွင်အသွား၊ အပြန်၌ မိန်းကလေးငယ်များကို ဖမ်းဆီး၍ လူကုန်ကူးရောင်း ချခံရမည့်အရေးကို စိုးရိမ် နေကြရပါ သေးသည်။ ဤအချက်များအပြင် ထိုင်းကျောင်းများ၌ ထိုင်းဘာသာဖြင့်သာစာသင်ကြား ကြပြီး၊ ရှမ်းကလေး များက ထိုင်းစကားကို ပြောဆိုနိုင်ခြင်း မရှိကြပါ။ ကလေးများက ထိုင်းလူမျိုး များနှင့် အတူ ရောနှောပညာသင်ကြား ကြခြင်းအားဖြင့် ရှမ်းလူမျိုးများ၏ ဘာသာစကားနှင့်လူမျိုး စရိုက်လက္ခဏာ ပျောက်ကွယ် သွားနိုင်သည့် အရေးလည်း ရှိနေပါသေးသည်။ ရှမ်းဒုက္ခသည် မိသားစုများ သည် ၎င်းတို့၏ ဘာသာစကားနှင့် လူမျိုးစရိုက် လက္ခဏာကို အထူးထိန်းသိမ်း စောင့်ရှောက် လိုလှပြီး၊ ရှမ်းဒုက္ခသည်များ အားလုံး တနေ့အိမ်ပြန်ရမည်ဟု မျှော်လင့်ထား ကြပါသည်။

ဤအခြေအနေအရ ထိုင်းနိုင်ငံ-ရှမ်းပြည်နယ် နယ်စပ်ရှိ ရှမ်းလူမျိုးအစုများက သူတို့ နေထိုင်သည့် နေရာများတွင် အခြေခံစာတတ်မြောက်ရေး သင်တန်းများ စည်းရုံး ဆောင်ရွက် ပေးနေပြီး၊ နေရာမဲ့ ရွှေ့ပြောင်းကလေးများကို စာတတ်မြောက်စေရန် ဆောင်ရွက်ဖြည့် ဆီးပေးနေပါသည်။ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) စတင်ဖွဲ့စည်းချိန်မှ စ၍ပညာရေး လုပ်ငန်းအစီအစဉ် ချမှတ်ပြီး သင်ကြားနေသည့်တည်ရှိပြီးသော အလွတ်ပညာသင်ကြားရေး အစီအစဉ်များကို ပိုမိုခိုင်မာလာရေးအတွက် ထပ်လောင်းအားဖြည့်ပေးခဲ့ပါသည်။ လက်ရှိ အခြေ အနေတွင် ထိုင်းနိုင်ငံနှင့် ရှမ်းပြည်နယ် နယ်စပ်၌ SWAN က အခြေခံစာ တတ်မြောက်ရေးအတွက် ပညာသင်ပေးနေသည့်ကျောင်း (၉) ကျောင်းနှင့် နေ့ကလေးထိန်း ကျောင်း (၇) ကျောင်း အပါအဝင် ကျောင်း စုစုပေါင်း (၁၆) ကျောင်းဖွင့်လှစ်ထားသည်။

ထိုင်းနိုင်ငံနှင့် ရှမ်းပြည်နယ် နယ်စပ်ရှိ ရှမ်းဒုက္ခသည်များ/ရွှေ့ပြောင်း မိသားစုများ အနေဖြင့် ပညာရေးသည် အရေးကြီးသည့် လိုအပ်ချက်တခု အဖြစ်ရှုမြင်ကြပါသည်။ SWAN က ၎င်းလိုအပ်ချက်ကို ဖြေရှင်းပေးနိုင်ရန် ကြိုးစားသည့် အစီအစဉ်များ အားလုံးကို ဒေသခံရပ်ရွာ အဖွဲ့အစည်းများကလည်း အထူး ပူးပေါင်း ဆောင်ရွက်ကြပါသည်။ ဥပမာအားဖြင့်- ဒေသခံရပ်ရွာ လူထုများသည် SWAN မှ စည်းရုံးဆောင်ရွက်ပေးသည့် သင်တန်းများ၊ အစည်းအဝေး၊ ဆွေးနွေးပွဲများကို စိတ်ပါဝင်စားစွာ တက်ရောက်ကြပြီး၊ သူတို့၏ ပြဿနာများ၊ လိုအပ်ချက်များကိုလည်း ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ ဤကဲ့သို့ ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု မရှိပါက SWAN အနေဖြင့် ထိရောက်သော မဟာဗျူဟာများ ချမှတ်လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပါ။ သူတို့၏ ပူးပေါင်း ဆောင်ရွက်မှုသာ မရရှိပါက ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြေရှင်း ဆောင်ရွက် နိုင်လိမ့် မည်မဟုတ်ဘဲ၊ သူတို့၏ ယုံကြည်ထားချက်များကိုလည်း ဆက်လက် တိုက်တွန်း စည်းရုံးနိုင်လိမ့်မည် မဟုတ်ပါ။