အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းစဉ်

Posted in Programs

women empwerment

  • အမျိုးသမီးရေးဆိုင်ရာ သင်တန်းများပေးခြင်း
  • ခေါင်းဆောင်မှု သင်တန်း
  • လိင်ကွဲပြားမှု (Gender) သင်တန်း
  • မှတ်တမ်းတင်နှင့် သုတေသနပြုခြင်း သင်တန်း
  • အခြေခံ လူ့အခွင့်အရေး သင်တန်း
  • အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေးသင်တန်း
  • အလုပ်သင်အစီအစဉ်
  • ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဒေသအသီးသီးတွင် ‘အမျိုးသမီးနှီးနှောဖလှယ်ပွဲ’များ ပြုလုပ်၊ ထောက်ပံ့ပေးခြင်း
  • အမျိုးသမီးငယ်များအတွက် နိုင်ငံရေးစွမ်းရည်မြှင့်တင်ရေးသင်တန်းကျောင်း ဖွင့်လှစ်ပို့ချခြင်း
  • ရှမ်းစာတတ်မြောက်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း

အလုပ်သင် အစီအစဉ် (Internship Program)

နယ်စပ်နှင့် ရှမ်းပြည်နယ်အတွင်းတွင် SWAN ၏ လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် အမျိုးသမီးများကို အရည်အချင်းမြှင့်တင်ပေးနိုင်ရန် SWAN က ၁၉၉၉ ခုနှစ်မှစတင်၍ အလုပ် သင်အစီအစဉ် တခုကို စတင်ခဲ့ပါသည်။ အလုပ်သင် အစီအစဉ်ပေါင်း (၆) ခုမှ အမျိုးသမီး ငယ် ၂၅ ယောက်ကို မွေးထုတ်နိုင်ခဲ့ ပြီး (၁၃) ယောက်မှာ SWAN ၏ လုပ်ငန်းစဉ်များတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်၍ အခြား (၆) ယောက် မှာ SWAN ၏ ကွန်ယက်အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်ကာ၊ ကျန်သူများမှာ ပညာဆက်လက်ဆည်း ပူးနေကြသည်။ လတ်တလောပြီးဆုံးသည့် အလုပ်သင်အစီအစဉ်မှာ ၂၀၀၈ ခုနှစ် ဇွန်လတွင်ဖြစ်ပြီးယခုအခါ၌ အလုပ်သင် (၅) ယောက် စလုံး SWAN ၏ အသီးသီး၌ လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေကြပြီးဖြစ်သည်။

သင်တန်းနှင့် ဆွေးနွေးပွဲများ

အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းစဉ်မှ ထိုင်း-ရှမ်းပြည်နယ်စပ် ဒေသရှိ ရွေ့ပြောင်း/ ဒုက္ခသည် အမျိုးသမီးများနှင့်အတူ အောက်ပါလုပ်ငန်းများ လှုပ်ရှား ဆောင်ရွက် သည်။

  • နှစ်လတစ်ကြိမ် "အမျိုးသမီးများတွေ့ဆုံနှီးနှောဖလှယ်ပွဲ" များပြုလုပ်ခြင်း
  • နွေရာသီ ရှမ်းစာပေတက်မြောက်ရေး သင်တန်းများ ဖွင့်လှစ်သင်ကြားခြင်း။


လူထုအခြေ အနေပြု လှုပ်ရှားခြင်းများ

နိုင်ငံတကာ အမျိုးသမီးများနေ့၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့၊ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ စသည့် အထူးနေ့များတွင် လူမှု အသိုင်းအဝိုင်း များအကြား အထိမ်းအမှတ် လှုပ်ရှားမှုများ ကျင်းပပြုလုပ်ခြင်း။