ရှေးရိုးစွဲတွေ တွန်းလှန်နိုင်ဖို့

Posted in Campaign materials

မိသားစုတော်တော်များများဟာ သားယောက်ျားလေး မွေးလာတယ်ဆိုရင် ကံကောင်းတယ် မြင့်မြတ်တယ်ဆိုပြီး အလွန်ဝမ်းသာကြပါတယ်။ ဓလေ့ထုံးတမ်းအရ ရှင်ပြုပွဲးကျင်းပပေးရတာဟာ ထူးမြတ်တဲ့ကုသိုလ်ကောင်းမှုပြုရတယ်လို့ မှတ်ယူကြပါတယ်။

ဒါ့ကြောင့်သားနဲ့သမီးမွေးဖွားလာရင်သားတွေကိုအစစအရာရာဦးစားပေးကာပညာသင်ယူခွင့်တွေ၊လုပ်ပိုင်ခွင့်တွေပေးထားကြပါတယ်။

သမီးတွေကိုတော့ သူ့ဝါသနာပါရာ မလုပ်ဆောင်ရဘဲ အိမ်တွင်းအလုပ်နဲ့မီးဖိုချောင်ထဲမှာပင် တနေ့ပြီးတနေ့အချိန်ကုန်စေပါတယ်။

လူတွေဟာကုသိုလ်ကံကောင်းလို့ ယောက်ျားလေးဖြစ်တယ် ဆိုတဲ့အတွက်လည်း အစအရာရာယောင်္ကျားတွေ ပြုကျင့်တာကို အမျိုးသမီးတွေကအလိုလိုသီးခံပြီးငြိမ်ခံနေရတာတွေကိုလည်းတွေ့နေရပါတယ်။

အမျိုးသမီးတွေကတော့ အိမ်တွင်းမီးဖိုချောင်ဘဝကိုငယ်စဉ်ကတည်းက ဖြတ်သန်းလာပြီးအမျိုးသားတွေလိုဗဟုသုတတွေလည်း

အမျိုးသားတွေလိုမရှာဖွေနိုင်တဲ့အတွက် အလိုလိုစိတ်အားငယ်ကာအမျိုးသားပြောသမျှကိုခံနေရတဲ့ဘဝသို့ရောက်လာကြတာကိုလည်းတွေ့ရပါတယ်။

အမျိုးသမီးများအပေါ်ကိုတခြားပညာဗဟုသုတ၊အသိပညာတွေကိုရှာဖွေဖို့ကလည်းမိဘတွေကအားမပေးတာတွေတွေ့ရပါတယ်။

ဒါ့အပြင်ရှမ်းပြည်နယ်ကအမျိုးသမီးအခွင့်အရေးတွေအမျိုးသမီးနဲ့ပတ်သတ်တဲ့ဥပဒေတွေအသိပညာတွေပေးဖို့အတွက်ယဉ်းကျေးမှုဓလေ့ထုံးတမ်းတချို့ကအဟန့်အတားဖြစ်နေပါတယ်။

အမျိုးသမီးတွေကိုယ်တိုင်ကလည်းဓလေ့၊ထုံစံယဉ်ကျေးမှုတွေကိုမတွန်းလှန်နိုင်တာကိုတွေ့နေရပါတယ်။

ဥပဒေတွေအမျိုးသမီးအခွင့်အရေးတွေနားမလည်တဲ့အတွက်လည်းမိမိအိမ်တွင်းထဲမှာအကြမ်းဖက်မှုတွေရှိနေရင်တောင်ငြိမ်ခံနေရတာတွေတွေ့မြင်နေရပါတယ်။

ရှေးစကားပုံအရအိမ်ထောင်ရေးကြားမဝင်ကောင်းဘူးဆိုသလို၊မိမိအိမ်တွင်းမီးကိုအပြင်မထွက်ရဘူးဆိုတဲ့စကားတွေကြောင့်အမျိုးသမီးတွေဟာမိမိအမျိုးသားတွေ

နိုင်ထက်စီးနင်းအကြမ်းဖက်မှုများကိုငြိမ်ခံနေရတဲ့သဘောတွေ့ရပါတယ်။

ထို့ကြောင့်မိခင်ဖြစ် သူကိုယ်တိုင်ကလည်းအိမ်တွင်းပဋိပက္ခဖြစ်ပွားရင်ကိုယ့်အမျိုးသား၊ကိုယ့်ယောင်္ကျားလုပ်တာပဲ သီးခံရမယ်ဆိုတဲ့အတွေးတွေ လည်းဖျောက်သင့်ပါပြီ။သီးခံခြင်းဆိုတာသူ့အတိုင်းအတာနဲ့ပါ။နေရာတကာနှင့်အကြောင်းအရာမျိုးစုံတိုင်းခွင့်လွတ်ခြင်း၊သီးခံခြင်းဆိုတာမရှိသင့်ပါ။

အိမ်တွင်းပဋိပက္ခဆိုတာ ဖြစ်ရိုးဖြစ်စဉ်ဘဲလို့ ပုံသေမသတ်မှတ်သင့်ပါ။ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းကို ရှာဖွေသင့်ပါတယ်။

ဒါ့ကြောင့်အိမ်တွင်းအကြမ်းဖက်မှုရပ်တန့်လာအောင်လည်းအမျိုးသမီးတွေကိုဗဟုသုတတွေ၊အမျိုးသမီးအခွင့်အရေးတွေပိုပြီးသိသင့်စေပါတယ်။

ယောင်္ကျားလေးတွေမွေးဖွားလာတဲ့အခါမိဘတွေအလိုလိုဂုဏ်ယူပြီးသမီးမွေးလာရင်ပီတိမဖြစ်တဲ့အပြုအမူတွေကြောင့်ဟာလည်းအိမ်တွင်းပဋိပက္ခကို

တွန်းပို့နေတဲ့အရာတခုလို့ထင်မိပါတယ်။

သား၊ယောင်္ကျားလေးမွေးတဲ့မိဘတွေအနေနဲ့အားနည်းတဲ့မိန်းကလေးတွေကိုအနိုင်မကျင့်ဖို့၊မငိုအောင်လုပ်ဖို့ ဆုံးမသွန်သင်တဲ့အချိန်တန်ပြီ

ဒါ့ကြောင့်အမျိုးသမီးအခွင့်အရေးတွေနဲ့ပတ်သတ်ပြီးနယ်တွေမှာအသိပညာပေးရန်နှင့်လိုအပ်ချက်တွေဖြည့်စည်းပေးရန်များစွာလိုပါတယ်။

ကျေးလက်တောရွာတွေမှာ အများအားဖြင့် အမျိုးသမီးများ ပညာသင်ကြားမှုအခွင့်အရေး ဆုံးရှုံးခြင်းနဲ့ ဗဟုသုတနည်းပါးရတဲ့အကြောင်းရင်းတွေက

အိမ်တွင်းပဋိပက္ခ ဖြစ်ပွားနိုင်စေဖို့ အစပျိုးတဲ့အရာတခုလို့ဆိုနိုင်ပါတယ်။

ဒါ့အပြင်ကျေးလက်ဒေသတွေမှာနေထိုင်တဲ့အမျိုးသမီးတွေဟာမည်သည့်ကိစ္စတွေမဆိုအမျိုးသားတွေဦးဆောင်လိုက်မယ်ဆိုတဲ့

စိတ်ဓာတ်တွေကလည်းပြောင်းလဲဖို့လိုလာသလို၊အိမ်တွင်းပဋိပက္ခဖြစ်ပွားရင်လည်းကိန်းအောင်းမနေဘဲဥပဒေလမ်းကြောင်းအရဖြေရှင်းသင့်ပါတယ်။

အခြေခံအမျိုးသမီးတွေကကိုယ်တိုင်ရုန်းထွက်ဖို့ကိုယ်တိုင်ယုံကြည်ချက်ရှိလာအောင်တွန်းအားပေးမြှင့်တင်ပေးဖို့လိုအပ်ပါတယ်။

ထို့ပြင်အမျိုးသမီးတွေကိုယ်တိုင်ကလည်းအကြမ်းဖက်မှုအမျိုးမျိုးလိင်ပိုင်းဆိုင်ရာကအစအကြမ်းဖက်မှုတွေကိုလည်းကိုယ်တိုင်နှုတ်ဆိတ်ထားစရာမလိုဘဲ

ရဲဝံ့စွာဖော်ထုတ်ဖို့လိုအပ်ကြောင်းဖြစ်ပါတယ်။

ဒါ့ကြောင့်အမျိုးသမီးအရေးကိုမိဘတွေကိုယ်တိုင်ကဦးဆောင်ကာပါဝင်ပြီးကိုယ့်သား၊သမီးအချင်းချင်းကိုတန်းတူညီမျှဆက်ဆံပေးဖို့ကလည်းအရေးကြီးပေတယ်။